Sunday, April 10, 2011

ဖျာပုံတိုက်သစ်ဆရာတော်ကြီးအဂ္ဂမဟာပဏ္ဍိတပူဇော်ပွဲ(၁၉၈၃)

ဖျာပုံတိုက်သစ်ဆရာတော်ကြီးအဂ္ဂမဟာပဏ္ဍိတပူဇော်ပွဲ(၁၉၈၃)(ပထမပိုင်း)


ဖျာပုံတိုက်သစ်ဆရာတော်ကြီးအဂ္ဂမဟာပဏ္ဍိတပူဇော်ပွဲ(၁၉၈၃)(ဒုတိယပိုင်း)


ဖျာပုံတိုက်သစ်ဆရာတော်ကြီးအဂ္ဂမဟာပဏ္ဍိတပူဇော်ပွဲ(၁၉၈၃)(တတိယပိုင်း)

အပြည့်အစုံဖတ်ရန်...

Saturday, August 15, 2009

သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်း

ဖျာပုံတိုက်သစ်ဆရာတော်ကြီး၏ သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်း download ရယူဖတ်ရှုနိုင်ပါပြီ၊ ထပ်ဆင့်ဓမ္မဒါနပြုနိုင်ကြပါပြီ။

http://www.mediafire.com/မှ ဖျာပုံတိုက်သစ်ဆရာတော်ကြီး၏ သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်း

သုတေသနသရုပ်ပြ အဘိဓာန် (၂၀၀၉) အတွက် တည်ပုဒ်အသစ်များ စတင်စုဆောင်းနေပါပြီ၊၊ ဝေဖန်အကြံပေး ညွှန်ပြကူညီတော်မူကြရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။ Type rest of the post here

အပြည့်အစုံဖတ်ရန်...

Sunday, November 2, 2008

သုတေသနသရုပ်ပြအဘိဓာန် (၂၀၀၈) အတွက်

ညွှန်ပြ၊ ကူညီ၊ ပေးပို့၊ အကြံဥာဏ်ပြုကြရန် မေတ္တာရပ်ခံပါသည်။

+ အသစ်တိုးခြင်း၊ ပြုပြင်ဖြည့်စွက်ခြင်းများ၊ ပြုသင့်သည့် အပေါင်းသရုပ်အမည်များ၊ တည်ပုဒ်များနှင့် ၎င်းတို့၏သရုပ်များ။

+ ပါရှိသင့်၊ ဖြည့်စွက်သင့်သည့် ပုံ (မြေပုံ၊ ဓါတ်ပုံ၊ ပန်းချီ၊ ဒီဇိုင်း၊ အလံ၊ တဆိပ်ခေါင်း၊ ပိုစတာ၊ ကားချပ် စသည်များ)။
အသံ (တရား၊ မိန့်ခွန်း၊ စကားသံ၊ သီချင်း၊ ဂီတ၊ တူရိယာသံ၊ သဘာဝအသံ စသည်များ)။
ရုပ်ရှင်ဗီဒီယို (မှတ်တမ်းတင်၊ သမိုင်းဝင်၊ ဒေသန္တရ၊ ထူးခြား စသည်များ။)

+ နှိုင်းယှဉ်ကိုးကား အသုံးပြုနိုင်ခွင့်၊ Link လုပ်နိုင်ခွင့်ရမည့် သင့်တော်သော ပြည်တွင်းပြည်ပ ထုတ်ဝေပြီးစာအုပ်များ၊ e-book များ၊ Websites များ၊ Blogs များ။

+ သြ၀ါဒခံယူ၊ အကြံဥာဏ်၊ အကူအညီ၊ တောင်းခံသင့်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်၎င်းတို့၏ဆက်သွယ်ရန်လိပ်စာများ။

+ အင်္ဂလိပ်ဘာသာ၊ တိုင်းရင်းသားဘာသာ၊ နိုင်ငံခြားဘာသာများဖြင့် ဖြည်စွက် ပြန်ဆို ဖြန့်ချိ ထုတ်ဝေနိုင်ရေး အကူအညီပေးနိုင်မည့်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ရန်များ။

+ သုတေသနသရုပ်ပြအဘိဓာန် Websites များ၊ Blogs များ၊ CD-Rom များအဆင့်မှီစွာ ပြုလုပ်နိုင်ရေးကူညီအကြံဥာဏ်ပေး၊ ပြုလုပ်ပေးနိုင်မည့်သူများ။

+ ထပ်ဆင့်ဖြန့်ဝေပေးနိုင်မည့် Websites များ၊ Blogs များ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ။

+ အများအတွက်သင့်တော်သော e-bookပြုလုပ်နည်းနှင့် တခြားသောလိုအပ်ချက်များ။
Type rest of the post here

အပြည့်အစုံဖတ်ရန်...

Saturday, October 11, 2008

အမှာ

ကျေးဇူးတော်ရှင် ဖျာပုံတိုက်သစ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ မထေရ်မြတ်၏ သုတေသနသရုပ်ပြအဘိဓာန်ကို ၂၀၀၂-ခုနှစ်တွင် တတိယအကြိမ်အဖြစ် သာသနာရေးဦးစီးဌာနမှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ သို့ရာတွင် ထည့်သွင်းသင့်သောပြင်ဆင်ဖြည့်စွက်ချက်များမပါဘဲ ၁၉၇၅-ခုနှစ် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည့်အတိုင်းသာပြန်လည်စာစီပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ အဘိဓာန်ဟောင်းတို့ကို နည်းအမျိုးမျိုးဖြင့် ထပ်မံထုတ်ဝေကြရာတွင် ခေတ်နှင့်အညီ ပြင်ဆင်ချက်များ၊ ဖြည့်စွက်ချက်များ၊ မလွဲမသွေပါဝင်သင့်သည်ဖြစ်ရာ ယခု printout စာအုပ်နှင့်e-bookအဖြစ် blog အဖြစ်ဓမ္မဒါနပြုအပ်သော ဤ သုတေသနသရုပ်ပြအဘိဓာန်(၂၀၀၇)သည် ခေတ်မှီအောင် update လုပ်ထားသော အဘိဓာန်ဖြစ်ပါသည်။

၂၀-ရာစု အထူးခြားဆုံးမြန်မာစာအုပ်များတွင် တအုပ်အပါအ၀င်ဖြစ်သည့် ဤသုတေသနသရုပ်ပြအဘိဓာန်ကျမ်းကြီးကို ကျောက်စာဝန် နှင့် ယဉ်ကျေးမှုဌာနအတွင်းဝန် ဦးဖိုးလတ်၊ ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဟောင်း ဦးထွန်းဖေ(ထွန်းနေ့စဉ်)၊ အမိန့်တော်ရမင်း ဦးစိန်၊ ဆရာကြီးဦးဖိုးငွေ စသော လူရှင်ရဟန်းတို့၏ လျှောက်ထားတောင်းပန်မှုကြောင့် ဖျာပုံတိုက်သစ်ဆရာတော်ကြီးသည် နှစ်ပေါင်းများစွာ အချိန်ယူ သုတေသနပြု ရေးသားခဲ့ကြောင်းသိရသည်။


ဆရာတော်ကြီးသည် ဘုရားဟောပိဋကတ်သုံးပုံ၊ အဋ္ဌကထာ၊ ဋီကာ၊ သာသနာဝင်ကျမ်းများ--။ ဆေးကျမ်း၊ ဗေဒင်၊ ရာဇ၀င်၊ မဟာဝင်၊ နက္ခတ်၊ ဓမ္မသတ်၊ ဆန်း၊ လင်္ကာ၊ ဂီတ စသည့် လောကီသျှတြများ--။ လောကနီတိ၊ ဓမ္မနီတိ၊ ရာဇနီတိ၊ စာဏကျနီတိ၊ မဟာရဟနီတိ၊ ရာဇ၀သတိ၊ သာမုန္ဒြိက၊ ဟိတောပဒေသ စသည့်နီတိကျမ်းများ--။ အမရကောသ၊ ကပ္ပဓုမ စသည့်နီတိကျမ်းများ--။ ဣန္ဒာစရိယ၊ ကဝေသာရ စသည့် မှော်ကျမ်း၊ အဂ္ဂိရကျမ်းများ။စစ်နှင့်ဆိုင်သော ယောဓဗျူဟာ၊ လောကဗျူဟာ၊ ဗျူဟာစက္ကီပျို့ စသော သေနင်္ဂဗျူဟာကျမ်းကြီးများ--။ ဆရာစဉ်ဆက်သွန်သင်ပြသသြ၀ါဒအဆိုအမိန့်များ--။ စသည်တို့မှ အပတ်တကုတ် ရှာဖွေထုတ်နှုတ်ယူကာ ရသေ့ရဟန်းစာသင်သားသံဃာများ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များမှအစ၊ မင်းမှူးမတ်အစိုးရ၀န်ထမ်း ကုန်သည်ပွဲစား စာရေးဆရာများအလယ်၊ ဆရာဆရာမ ကျောင်းသားကျောင်းသူများ တံငါမုဆိုးတို့တိုင် မြန်မာပြည်သူပြည်သားအားလုံး သက်ဆိုင်ရာ သိမှတ်ဖွယ်တို့ကို လွယ်လင့်တကူ ညှိနှိုင်းကောက်ယူ အသုံးပြုနိုင်ကြစေရန် ရည်ရွယ်ရေးသားထုတ်ဝေခဲ့သည်။ ထို့အပြင် ပထ၀ီ၊ သမိုင်း၊ မနုဿဗေဒ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဘူမိဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဇီဝဗေဒ၊ ၀ါဏိဇ္ဇဗေဒ၊ ဘောဂဗေဒ၊ သင်္ချာ၊ နိုင်ငံရေးသိပ္ပံ၊ စသော ပညာရပ်အသီးသီးမှ ကောက်နှုတ်ချက်များဖြင့်လည်း ပြည်စုံသော ကျမ်းကြီးဖြစ်သည်။

ဤသို့အခြေခံအားဖြင့်ပြည်စုံနေသော်လည်း ကွန်ပြူတာ၊ အင်တာနက်၊ သတင်းနည်းပညာခေတ်၊ ပြည်တွင်းပြည်ပ ကမ္ဘာတလွှား ယနေ့မြန်မာပြည်သူပြည်သားများ၏ လိုအပ်ချက်နှင့်အညီ၊ ပြင်ဆင်မွမ်းမံ ချိတ်ဆက် သုတေသနပြု ရှင်းလင်းသရုပ်ပြရန် အပေါင်းသရုပ်စကားများ၊ တည်ပုဒ်များ၊ များစွာကျန်ရှိနေသေးကြောင်း ဆရာတော်ကြီး၏တပည့်များ၊ ကြည်ညိုလေးစားသူများ၊ သုတေသီများ၊ ဖတ်ရှုအသုံးပြုသူများမှ သတိပြုမိခဲ့ကြသည်။

သို့ဖြစ်၍ စတုတ္ထအကြိမ်ထုတ်ဝေရန်အတွက် ရဟန်းသံဃာ ဆရာတော်များ ပညာရှင်များ သုတေသီများ၊ ဆရာတော်ကြီး၏တပည့်တဦးဖြစ်သည့် ဆရာကြီးဦးသုခ ကဲ့သို့ပညာရှင်များ သုတေသီများ ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည့် သုတေသနသရုပ်ပြချက်များ၊ တည်ပုဒ်များ၊ ဆရာတော်ကြီးကိုယ်တိုင် ဆက်စပ်ကြည့်ရှု စိစစ်ရန်ညွှန်ပြခဲ့သော စံပြမြန်မာအဘိဓာန်၊ သီရိစတုရင်္ဂဗလမြန်မာပညာရှိဦးဘေ၊ အလင်္ကာကျော်စွာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့၏စာများပါ သုတေသနသရုပ်ပြချက်များ၊ ဆရာတော်ကြီးကိုယ်တိုင် ထုတ်နှုတ်ကိုးကားဖေါ်ပြခဲ့သည့် ပီးရာ့စ်-စွယ်စုံကျမ်း၊ ရုပ်စုံသစ်-စွယ်စုံကျမ်း၊ မြန်မာ့-စွယ်စုံကျမ်း၊ ၀ှစ်တကာ အယ်လ်မင်နစ်၊ ကမ္ဘာ့ဒိုင်ဂျက် စသည့်ကမ္ဘာ့စာပေ၏ ထင်ရှားသော ကျမ်းစာအုပ်ကြီးများ စသော ခေတ်ဟောင်းခေတ်သစ် မီဒီယာ အမျိုးမျိုးမှ ထပ်မံ ကောက်နှုတ်ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်နေသေးကြောင်း စာရေးသူသဘောပေါက်ခဲ့သည်။

နှစ်ပေါင်း ၃၀-ကျော်ကြာ ပြင်ဆင်ဖြည့်စွက်မှု မရှိခဲ့၍ ခေတ်မှီအဘိဓာန်ကြီးတဆူဖြစ်ရန် လိုအပ်ချက်များ အလွန်တရာများပြားလှရာ စက်မှုတက္ကသိုလ်ကျောင်းသားဘ၀ ၁၉၇၄-ခုနှစ်တွင်၊ ဒုတိယအကြိမ်ထုတ်ဝေခြင်းအတွက် ဆရာတော်ကြီးခိုင်းသမျှ အနည်းငယ် ကူညီခဲ့ဘူးခြင်းနှင့် ဆရာတော်ကြီးပို့ချသင်ပြပေးခဲ့ဘူးသော မင်္ဂလာဗျူဟာပိဋကတ် ၃-ပုံ ပဒေသာ ဆရာဖြစ်သင်တန်း ၆-နှစ်စာ အတွေ့အကြုံရှိခဲ့ဘူးခြင်းများဖြင့်သာ ဤအဘိဓာန်ကို ခေတ်မှီအောင်ကစိအေနလုပ်၍ စတုတ္ထအကြိမ်ထုတ်ဝေရန် ၂၀၀၃-ခုနှစ်ကပင် စာရေးသူတဦးတည်းစတင်ကြိုးပမ်းမှုပြုခဲ့သည်။

၂၀၀၅-ခုနှစ်ဇူလိုင်လ ပြည်ပသို့တိမ်းရှောင်လာပြီးနောက်တွင်မူ ပြည်တွင်းမှာကဲ့သို့ဆင်ဆာမရှိဘဲ၊ မည်သူ့ကိုမှ အပိုပေးစရာမလိုဘဲ၊ အကုန်အကျမများဘဲ၊ ပြည်ပ၌ computer, internet, email, Web sites, blog စသည်များဖြင့် လွတ်လွတ်လပ်လပ် ကိုယ့်တာဝန်ကိုယ်
ယူ၍ စာအုပ်များ၊ e-book များ သက်သက်သာသာ လွယ်လွယ်ကူကူ ထုတ်ဝေ ဖြန့်ချိနိုင်ကြောင်း၊ ကမ္ဘာအလွှားရှိ မြန်မာသုတေသီများ လူမှုရေး ဘာသာရေးခေါင်းဆောင်များ၊ blogger များ၊ မြန်မာပြည်ထောင်စုသားများအားလုံးထံမှ ထပ်မံဖြည့်စွက်သင့်သည့် အပေါင်းသရုပ်စကားများ၊ တည်ပုဒ်များ၊ အလွယ်တကူတောင်းခံဖြည့်စွက်နိုင်ကြောင်း၊ သိရှိလာခဲ့သည်။

လွတ်လပ်ရေးမရခင် ဤစာအုပ်စတင်ပြုစုစဉ်ကပင် ဆရာတော်ကြီးသည် သတင်းစာဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင် ကဲ့သို့ ဘက်စုံ
ပညာရှင်များထံမှအကူအညီရယူခဲ့ဘူးခြင်း၊"လူးတဆယ့်နှစ်ပနား"ကဲ့သို့ သုတေသနပြုဆဲ အခက်အခဲတွေ့နေသော သရုပ်များအတွက် သိရှိသည့်ပညာရှင်များထံမှ ဆရာတော်ကြီးကိုယ်တိုင်အကူအညီတောင်းခံထားခဲ့ဘူးသည်ကို ဖတ်ရှုရခြင်း၊ သောတုဇ္ဇနဘိက္ခု(စာသင်သားသံဃာ) အပါအ၀င် ဘိက္ခုအမျိုးမျိုး၊ လူ့အခွင့်အရေးအချက် ၃၀-၊ မြန်မာနိုင်ငံ၏အရေးအခင်းကြီးများ၊ ဒီမိုကရေစီ၏အဓိပ္ပါယ်သတ်မှတ်ချက်များ၊ ပြည်ထောင်စုသားလူမျိုးများ၊ စသည်များကဲ့သို့ ခေတ်အခြေအနေအရ ထပ်မံသုတေသနပြု သရုပ်ပြရမည့်၊ ရဟန်းသံဃာများကိုယ်တိုင်၊ သက်ဆိုင်ရာဘာသာရပ် အထူးပြုပညာရှင်များကိုယ်တိုင် စုပေါင်းပါဝင် ရေးသားညှိနှိုင်း ဖြည့်စွက်ရမည့် တည်ပုဒ်များ ကျန်ရှိနေသေးခြင်း၊ စသည်တို့ကြောင့် တဦးတယောက်တစုတဖွဲ့သာမဟုတ်ဘဲ တကမ္ဘာလုံးရှိမြန်မာများ စုပေါင်းပြုစုပြင်ဆင်ဖြည့်စွက်မှသာ ပြည့်စုံခေတ်မှီသော ပုဒ်မျိုးစုံ အနက်ဖွင့် အဘိဓာန်ကြီးဖြစ်ပေါ်လာမည်ဟု စာရေးသူ သဘောပေါက်ခဲ့သည်။

စာရေးသူအနေဖြင့်မူ ၂၀၀၇-ခုနှစ် မြန်မာနိုင်ငံရွှေဝါရောင်တော်လှန်ရေးကြီး ကို ဂုဏ်ပြုလျက် နဂိုရ်ပါရှိပြီး "သပိတ်မှောက်ခြင်း အင်္ဂါ ၈-ပါး"တွင် "ပတ္တနိက္ကုဇ္ဇန အင်္ဂါ ၈-ပါး"ဟုဖြည့်စွက်ခြင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် ၁၃၈-နိုင်ငံ(၁၉၇၅) မှ ၁၉၂-နိုင်ငံ(၂၀၀၇) ဖြည့်စွက်ခြင်း၊ ၎င်းင်းနိုင်ငံများ၏အမည်၊ မြို့တော်များ၊ အင်္ဂလိပ်လို ဖြည့်စွက်ခြင်း၊ ၎င်းင်းနိုင်ငံများ၏ လူဦးရေပြင်ဆင်ဖြည့်စွက်ခြင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်များ အပေါင်းသရုပ်အသစ်တိုး၍ မြန်မာနိုင်ငံသား ဦးသန့်ကို ခေတ်လူငယ်များသိရှိနိုင်ရန် ဖြည့်စွက်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ငြိမ်းချမ်းရေးနိုဗယ်ဆုရ အာရှနိုင်ငံသားများဖြည့်စွက်ခြင်း၊ အာဇာနည် ဗိမာန်ရှင်ကြီး ၉-ယောက်၊ ရဲဘော် ၃-ကျိပ် သရုပ်များတွင် အမှားပြင်ဆင် မှတ်ချက်ဖြည့်ခြင်း၊ ခေါင်းလောင်းကြီး ၁၀-လုံး၊ သမုဒ္ဒရာကြီး ၅-စင်း၊ ပင်လယ်ကြီး ၁၃-စင်း၊ သဲကန္တာရကြီး ၁၉-ပါး၊ အိုင်ကြီး ၁၈-အိုင်၊ စသည်တို့တွင်Internet Searching, Almanac, Encyclopedia, Dictionary စာအုပ်များ၊ CD-Rom များဖြင့်ရှာဖွေဖြည့်စွက်ပြင်ဆင်ခြင်းများကို တတ်စွမ်းသမျှပြုလုပ်ထားနှင့်ပြီးဖြစ်ပါသည်။

ထို့ကြောင့် ၂၀၀၇-ခုနှစ် နှစ်ကုန်မှစ၍ လစဉ်ç နှစ်စဉ် ခေတ်မှီအောင်ပြင်ဆင်ဖြည့်စွက်ပြီး (update လုပ်ပြီး) print out စာအုပ် နှင့်e-book အထူးပြု blog အဖြစ် မြန်မာပြည်သူပြည်သားများနှင့် စိတ်ဝင်စားသူများအားလုံးထံ အမြဲဓမ္မဒါနပြုနေမည့် သုတေသနသရုပ်ပြအဘိဓာန်များ အတွက်လည်း ယခုပေးပို့အပ်သော သုတေသနသရုပ်ပြအဘိဓာန် (၂၀၀၇) print out စာအုပ် နှင့်e-book အထူးပြု blog တို့ကို လေ့လာအသုံးပြုကြည့်ပြီး လိုအပ်သော အကြံဥာဏ်များ အပေါင်းသရုပ်များ တည်ပုဒ်များ ပြင်ဆင်ဖြည့်စွက်သင့်သည်များကို ဖေါ်ပြပါ e-mail လိပ်စာများ၊ blog Comment များနှင့် C-Box စသည်များထဲသို့ ရေးသားပေးပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကမ္ဘာအရပ်ရပ် မိမိတို့သိကျွမ်းရာ သင့်တော်သူအားလုံးထံသို့လည်း ထပ်ဆင့် ဓမ္မဒါနပြု ဖြန့်ချိပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

ဤ "သုတေသနသရုပ်ပြအဘိဓာန်(၂၀၀၇)" print out စာအုပ် နှင့် e-book အထူးပြု Blog ဖြစ်မြောက်ရေး အတွက် လိုအပ်သမျှ အစစ အကူအညီပေး၊ ညွှန်ကြားပြသပေးခဲ့ကြသော အမတ်ကြီးဦးသန်းစိန်(New Delhi)၊ Dr.ဇော်ဝင်းအောင်(FTUB)၊ ဦးဗလ(FTUB)၊ ကွန်ပြူတာ ဆရာမဒေါ်မော်မော်(Prospect Burma ELT school, New Delhi)၊ ကိုထင်ကျော် (Canada)၊ ကိုချမ်းမြ (New Delhi, NCGUBရုံး၊ Prospect Burma ELT school, New Delhi) ၊ စာစီစာရိုက်အကူအညီ ပေးခဲ့ကြသော ကိုဇေယျာထွန်း၊ မမော်မော်၊ မနှင်းဖြူ၊ မခိုင်ခိုင်ထွေး၊ ခင်ထက်ဖြိုးဝင်း၊ မဆမ်သဲ နှင့် ၀ိုင်းဝန်းကူညီအားပေးကြသူအပေါင်းအား အထူးကျေးဇူးတင်ရှိ
ပါကြောင်းလည်း မှတ်တမ်းတင်အပ်ပါသည်။

၁၉၇၅-ခုနှစ်နောက်ပိုင်း သုတေသနသရုပ်ပြအဘိဓာန် တည်းဖြတ်ပုံနှိပ်ထုတ်ဝေခွင့်ကို ဖျာပုံတိုက်သစ်ဆရာတော်ကြီးမှ မဆလ အစိုးရသို့ လှူဒါန်းခဲ့ဘူးသော်လည်း ယခုအခါ တရားဝင် မူပိုင်ဆက်ခံနိုင်ခွင့်ရှိသူ၊ မရှိတော့ခြင်းကြောင့် ဤ "သုတေသနသရုပ်ပြအဘိဓာန်(၂၀၀၇)" print out စာအုပ် နှင့် e-book အထူးပြု Blog နှင့် နောင် update ပြုလုပ်ပြီး print out စာအုပ် နှင့် e-book အထူးပြု Blog များအတွက် တရားဝင် ပြင်ဆင်ဖြည့်စွက်ခွင့်၊ မူပိုင်ခွင့်နှင့် ပုံနှိပ်ထုတ်ဝေနိုင်ခွင့်များကိုမူ၊ သာသနာ့မောဠိ- အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်ကြီး ၏ သြ၀ါဒကိုခံယူသွားမည်ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည်။

နိဂုံးချုပ်အားဖြင့်မူ ဒေါ်အောင်ဆန်းစုကြည် "ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ"၀န်ကြီးချုပ်ဦးနု "တာတေစနေသား" စသည်တို့ အပါအ၀င်မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများကို ကိုးကားခံယူ တိုးချဲ့ခေတ်မှီစေသည့် မြန်မာနှင့်ပတ်သက်သော စာအုပ်များ ဖတ်ရှုလေ့လာရာတွင် ပိုမိုသဘောပေါက်စေမည့်၊ သိလိုသမျှ မြန်မာနှင့်ပတ်သက်ရာ ဗဟုသုတများကို အလွယ်တကူ ရှာဖွေရယူနိုင်မည့်၊ ယနေ့လက်ရှိမြန်မာ ပြည်တွင်းထုတ် မြန်မာ့စွယ်စုံကျမ်း၊ မီဒီယာများတွင် မဖေါ်ပြထားသည့်၊ ဆင်ဆာအလုပ်ခံထား ရသည့်အချက်အလက်များပါ ပါဝင်မည့်၊ သရုပ်သဘော အယူအကောက်ထွေပြားနေမှုများကို တိကျရှင်းလင်းအဖြေပေးနိုင်မည့်၊ ပြည်တွင်းပြည်ပ မြန်မာပြည်သူပြည်သားများ စုပေါင်း ပြုစုကြသည့် သုတေသန သရုပ်ပြအဘိဓာန် print out စာအုပ် နှင့် e-book အထူးပြု Blog စသည်များ လစဉ် နှစ်စဉ် ခေတ်မှီအောင် update ပြုလုပ်၍ အမြဲဓမ္မဒါန
ပြုပေးနေမည်ဖြစ်ကြောင်း သိစေအပ်ပါသတည်း။ ။

ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေး၊ အေးငြိမ်းချမ်းသာ ရပါစေ။
ဦးဖြူဝင်း(လန်ထောင်စပ်စုလေး)


သုတေသနသရုပ်ပြအဘိဓာန် များအတွက်
ညွှန်ပြ၊ ကူညီ၊ ပေးပို့၊ အကြံဥာဏ်ပေးကြရန် လိုအပ်ချက်များနှင့် ဆက်သွယ်ရန်လိပ်စာများ။


+ အသစ်တိုးခြင်း၊ ပြုပြင်ဖြည့်စွက်ခြင်းများ၊ ပြုသင့်သည့်အပေါင်းသရုပ်အမည်များ၊ တည်ပုဒ်များနှင့် ၎င်းင်းတို့၏သရုပ်များ။
+ ပါရှိသင့်၊ ဖြည့်စွက်သင့်သည့် မြေပုံ၊ ဓါတ်ပုံ၊ အသံ၊ ဗီဒီယို စသည်များ။
+ Link လုပ်နိုင်ခွင့်ရမည့် သင့်တော်သော ပြည်တွင်းပြည်ပ ထုတ်ဝေပြီးစာအုပ်များ၊ e-book များ၊ Websites များ၊ Blogs များ။
+ သြ၀ါဒခံယူ၊ အကြံဥာဏ်၊ အကူအညီ၊ တောင်းခံသင့်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်၎င်းင်းတို့၏ဆက်သွယ်ရန်လိပ်စာများ။
+ အင်္ဂလိပ်ဘာသာ၊ တိုင်းရင်းသားဘာသာ၊ နိုင်ငံခြားဘာသာများဖြင့် ဖြည်စွက် ပြန်ဆို ဖြန့်ချိ ထုတ်ဝေနိုင်ရေး အကူအညီပေးနိုင်မည့်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ရန်များ။
+ သုတေသနသရုပ်ပြအဘိဓာန် Websites များ၊ Blogs များ၊ CD-Rom များအဆင့်မှီစွာ ပြုလုပ်နိုင်ရေးကူညီအကြံဥာဏ်ပေး၊ ပြုလုပ်ပေးနိုင်မည့်သူများ။
+ ထပ်ဆင့်ဖြန့်ဝေပေးနိုင်မည့် Websites များ၊ Blogs များ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ။
+ အများအတွက်သင့်တော်သော e-bookပြုလုပ်နည်းနှင့် တခြားသောလိုအပ်ချက်များ။

U Phyu Win (Coordinator)
Prospect Burma ELT School
WZ/10A, Asalatpur, Janak Puri,
New Delhi-58, India.
Tel:91-11-25617810
email: tttpdict@gmail.com, tttp.dict@yahoo.com

U Phyu Win(Lan Htong Satt Suu Lay)
177(C)- GGI, Vikas Puri
New Delhi 18, India
Ph: 0091-11-28543759
email: tttpdict@gmail.com, tttp.dict@yahoo.com



++++++++++++++

အပြည့်အစုံဖတ်ရန်...

သုတေသန သရုပ်ပြ အဘိဓာန် ကျမ်းပြုဆရာတော်ကြီး၏ ထေရုပ္ပတ္တိ

ဖွားမြင်တော်မူခြင်း
အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ရရှိတော်မူသော သုတေသန သရုပ်ပြ အဘိဓာန် ကျမ်းပြုဆရာတော် ဘဒ္ဒန္တ သြဘာသာဘိဝံသမထေရ်မြတ်သည် ဧရာဝတီတိုင်း မအူပင်မြို့အနီး ခရီးခြောက်မိုင်ခန့်အကွာ ခနောင်ထော်ရွာတွင် မွန်မျိုးအဆက်အနွယ်ဖြစ်သူ ကုန်သွယ်လယ်လုပ်မျိုးရိုးမှ ဆင်းသက်လာသော ခမည်းတော် ဦးဖိုးသိန်းနှင့် သူကောင်းမျိုးရိုး၏ အဆက်အနွယ်ဝင်ဖြစ်သော မယ်တော် ဒေါ်ဒေါ်ညွန့်တို့မှ သက္ကရာဇ် ၁၂၆၈-ခုနှစ်၊ ဥတုဝသန္တ၀ါဆိုလပြည့်ကျော် ၁၁ရက် တနင်္ဂနွေနေ့ နံနက် အရုဏ်တက်၌ မီးရှူးသန့်စင်ဖွားမြင်တော်မူသော သားရတနာ ဖြစ်သည်။

ခနောင်ထော်ရွာကြီးသည် ဧရာဝတီမြစ်ကို မြစ်ဖျားခံသော တိုးမြစ်၏ အရှေ့ဖက်ကမ်းခြေရှိ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် ကရင်လူမျိုးတို့နေထိုင်ရာဒေသဖြစ်သည်။ သရက် ပိန္နဲ ငှက်ပျော စသော စားသုံးဖွယ် အသီးအပင်တို့ဖြင့် တင့်တောင့်တင့်တယ် နေချင်စဖွယ်သော ဥယျာဉ်ခြံမြေတို့ဖြင့် စိမ်းလမ်းစိုပြေ၍ အေးမြချမ်းသာ စိတ်နှလုံး မွေ့လျော် သာယာလှပေသည်။ အစိုးရ
ကျောင်းနှင့်ကျောင်းကန်ဘုရားတို့ဖြင့်လည်း သားနားခန့်ထည်သည့် ပတိရူပအရပ်ဖြစ်ပေသည်။
ခမည်းတော် မယ်တော်တို့သည် သားဦးရတနာ ဖွားမြင်စ၌ပင် သားဖြစ်သူကို အေးအတိတ်နှင့် အေးနိမိတ်ဆောင်ယူကာ "မောင်အေးမောင်" ဟုအမည်သညာမှည့်ခဲ့ကြသည်။ ခမည်းတော် မယ်တော်တို့သည်လည်း မောင်အေးမောင် တနှစ်သားလောက်အရောက်တွင် မရှေးမနှောင်းပင် ဘ၀တပါးသို့ပြောင်းကြလေသည်။

ပညာသင်စ ကလေးဘဝ

ခမည်းတော် မယ်တော်တို့ ဘ၀တပါးပြောင်းသွားခဲ့ကြပြီးနောက် မောင်အေးမောင်အား ဘကြီးတော်အရင်းဖြစ်သူ မလက်တိုရွာသူကြီး ဦးဖိုးခင်နှင့် နှမအရင်းဖြစ်သူ ဒေါ်ပုလေးတို့က တလှည့်စီ မွေးစားကြရန် သဘောတူကြလေသည်။ မိမိ လူမှန်းသိသောအခါ ကြီးတော် အရင်းဖြစ်သူ ဒေါ်ပုလေးကိုပင် အမေအရင်းဟုမှတ်ထင်နေသည်။ မောင်အေးမောင် လေးနှစ်သားလောက်ရောက်သောအခါ အိမ်မှာပင် ကကြီး ခကွေး သင်ပေးကြလေသည်။ ငါးနှစ်သားတွင် မြန်မာစာ ရေးဖတ်တတ်ပြီး ဘုရားရှိခိုး လင်္ကာအချို့နှင့် မင်္ဂလသုတ်ပါဠိအနက်ကို နှုတ်တက်ရပြီးဖြစ်သည်။ ဘကြီးတော်နှင့်ကြီးတော်တို့သည် မောင်အေးမောင် ၆-နှစ်အရွယ်တွင် မအူပင်မြို့နယ်လုံးဆိုင်ရာ ရွှေကျင်ဂိုဏ်းကြီး၏ ဦးစီးနာယက ဖြစ်တော်မူသော ကျေးဇူးတော်ရှင် ကျောင်းရွာဆရာတော်ကြီးထံ အပ်နှံကြလေသည်။ ၎င်းင်းသည် ဆရာတော်ကြီးသင်ပြသည့် မင်္ဂလသုတ်, အပြင်အောင်ခြင်း, အတွင်းအောင်ခြင်း, နမက္ကာရ, လောကနီတိ, ပရိတ်ကြီး ၁၁-သုတ်တို့ကို ပါဠိအနက် ညက်ညက်ကြေစွာ တတ်မြောက်လေသည်။ မောင်အေးမောင် ၁၄-နှစ်သားအရွယ်တွင် ၅-တန်းအောင်ခဲ့သည်။

ရှင်သာမဏေဘဝ

မောင်အေးမောင် အသက် ၁၀-နှစ်အရွယ်သို့ရောက်သောအခါ ဘကြီးတော် သူကြီးမင်းက ကျောင်းရွာဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေအဖြစ်ဖြင့် ဗုဒ္ဓသာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်ခဲ့သည်။ ကျေးဇူးရှင် ဥပဇ္ဈာယ်ဆရာတော်ကြီးက ဇာတ်ကြီးဆယ်ဘွဲ့ရေး မင်းဘူးဆရာတော် ဦးသြဘာသအား ပုံစံထား၍ ရှင်သြဘာသဟု အမည်ပေးခဲ့သည်။ သို့သော် မိမိအား ရှင်သာမဏေဘ၀နှင့် ၉-ရက်သာ ထားပြီး ငယ်သေးသည်ဟု အကြောင်းပြကာ လူထွက်စေလေသည်။
ဒုတိယအကြိမ် မောင်အေးမောင် ၁၄-နှစ်သား ၅-တန်းအောင်ပြီးချိန်၌ ဘကြီးတော် သူကြီးမင်း ဦးဖိုးခင်နှင့် မွေးစား မယ်တော်ç ကြီးတော်အရင်းဖြစ်သူ ဒေါ်ပုလေးတို့ကပင် ရှင်ဒါယကာ ဒါယိကာမ အဖြစ်ဖြင့် သာသနာတော်တွင်းသို့ သွတ်သွင်းခဲ့ကြပြန်ပါသည်။ ဒုတိယ
အကြိမ် ရှင်ပြုပွဲကို အငြိမ့်ပွဲ ဆိုင်းဝိုင်းကြီးတို့ဖြင့် ခြိမ့်ခြိမ့်သဲမျှ စည်ကားစွာ ဆင်နွှဲပြုလုပ်ပါသည်။
မောင်အေးမောင်၏ မွေးစားအမေသည် ကြီးတော်အရင်းဖြစ်သူ ဒေါ်ပုလေး ဖြစ်သည်။ မွေးစားအဖေသည် ဦးဘိုးထွေးဖြစ်သည်။ ယင်းဦးဘိုးထွေးသည် ကြီးတော်နှင့်စပ်မှ ဘကြီးတော်သူဖြစ်သည်။ ဤသို့ဖြင့် မိမိအား ၁၂၈၂-ခုနှစ် နယုန်လဆန်း ၂-ရက် အင်္ဂါ
ရက်ရာဇာနေ့၌ ကျောင်းရွာဆရာတော်ကြီးကပင် ဥပဇ္ဈာယ်ပြုကာ သာမဏေအဖြစ်ဖြင့် ချီးမြှင့်ပေးခဲ့သည်။ ရှင်သြဘာသသည် အသက် ၁၇-အရွယ်တွင် ရန်ကုန်မြို့လုံးဆိုင်ရာ ရှင်သာမဏေ စာပြန်ပွဲကြီး၌ သာမဏေကျော်ဘွဲ့ ရရှိခဲ့သည်။ ၁၈-နှစ်အရွယ်၌ ပထမငယ်တန်း
ကိုအောင်မြင်ခဲ့သည်။ ၁၉-နှစ်အရွယ်၌ ပထမလတ်တန်း အောင်မြင်ခဲ့သည်။ အထက်ပါစာမေးပွဲများ
ကို သရက်တောကျောင်းတိုက် နှစ်ကျိပ်ရှစ်ဆူကျောင်းမှ လက်မှတ်ထိုးကာ ဖြေဆိုအောင်မြင်ခဲ့သည်။

ရဟန်းဘ၀ မြင့်မြတ်လှ

ဆရာတော်လောင်းလျာ သာမဏေ ရှင်သြဘာသည် အသက် ၂၀-သို့ ရောက်သောအခါ မူလကျေးဇူးရှင် ကျောင်းရွာ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရန်ကုန်မြို့ သိမ်ကြီးဈေး "ကျိုက်ခေါက်သံလာ" ရဟန္တာများ သမုတ်တော်မူခဲ့သော သိမ်တော်ကြီး၌
၁၂၈၇-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၀) ရက် တနင်္ဂနွေနေ့နံနက် ၉-နာရီအချိန်မှာ ကာရက သံဃာတော် သုံးကျိပ် ခြောက်ပါးတို့နှင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ ကြိုတင်လျှောက်ထားသော ပစ္စယာနုဂ္ဂဟ ခေါ် ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများမှာ ဟိုက်စကူးကျောင်းဆရာကြီး ဦးလူကြီးနှင့် ဒေါ်ရင်တို့ဖြစ်ကြသည်။

စာပေခရီး တိုးချဲ့ခြင်း

မိမိသည် ရဟန်းတ၀ါ ရပြီးသောအခါ ကျောင်းရွာဆရာတော်ဘုရားကြီးထံမှ ပါရာဇိကဏ်, ပါစိတ်, ၀ိနည်း မဟာဝါတည်းဟူသော ၀ိနည်း (၃) ကျမ်းကို အဋ္ဌကထာများနှင့်တကွ ဆိုဝါဖြင့် ပေါက်ရောက်ခဲ့ပါသည်။
သို့သော် ကျေနပ်မှုမရှိသေးဘဲ ပန်းသတင်း လေညင်းဆောင် သကဲ့သို့ လူ့သတင်းလူချင်းဆောင်သောကြောင့်-ကျမ်းကြီးသင်ယူ ပခုက္ကူ။
ပခုက္ကူရောက်၊ စာမြန်မြန်ပေါက်။
စာတတ်လိုငြား၊ ပခုက္ကူသွား။
ပခုက္ကူမခိုလှုံ၊ ကျမ်းမစုံ။
စသောသတင်းစကားမှာ စာသင်သားရဟန်းတော်များအချင်းချင်း သတင်းဆောင်
သဖြင့် ပခုက္ကူ စာသင်သွားလိုသော စိတ်အစဉ်သည် မိမိအား လှုံ့ဆော်လျက်ရှိနေပါသည်။ထိုစိတ်ဓာတ်၏ လှုံ့ဆော်မှုကြောင့်ပင် ၁၂၉၂-ခုနှစ် တွင် ပခုက္ကူမြို့မဟာဝိသုတာရာမကျောင်းတိုက်
သို့ စာသင်ထွက်လာခဲ့သည်။
ယင်းတိုက်၌လေးနှစ်, လေးဝါတိုင်တိုင် အောက်ပြည်အောက်ရပ်ပြန်မကြွဘဲ ဆက်တိုက်နေခဲ့သည်။ ပိဋကသုံးပုံ ပါဠိတော်ကို အဋ္ဌကထာဋီကာတို့နှင့် တွဲဖက်သင်ယူရာ နှစ်ခေါက်လောက်ပင် ပေါက်ရောက်ခဲ့သည်။ မိမိ၏ စာချအကျော် ဆရာတော်များမှာ အဂ္ဂမဟာ
ပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု အရှင်သုန္ဒရ, အရှင်ဂန္ဓမာနှင့် အရှင်နန္ဒိယထေရ်တို့ ဖြစ်ကြသည်။
တစ်ဖန် ပခုက္ကူ၌ ၄-နှစ်စေ့၍ မန္တလေးမြို့သို့ စာပေခရီးဆက်ခဲ့ပြန်သည်။ မန္တလေးမြို့ အနောက်ပြင် စကုတိုက်မှာနေပြီး လေးပြင်လေးရပ် နာမည်ကြီးလှသော စာချဆရာတော်
များထံ ပါဠိ, အဋ္ဌကထာ, ဋီကာ အယူအဆ အတွေးအခေါ် အဆုံးအဖြတ်တို့ကို သင်ကြား မှတ်သားခဲ့ပါသည်။ ဆရာတော်သည် ၁၃၂၁-ခု၊ တန်ဆောင်မုန်းလဆန်း ၈-ရက် စနေနေ့တွင် ဖျာပုံတိုက်သစ်ကို ပုဂ္ဂလိက ရေစက်ချပွဲဉပလုပ်ပြီး သုဂတိတမြောက်အောင် ခံယူပါသည်။

သာသနာရေးကိစ္စကိုဆက်လက်ဆောင်ရွက်ခြင်း

ထိုစဉ်က ဖျာပုံမြို့သည် ခရိုင်ဝန် (အရေးပိုင်) ရုံးစိုက်ရာမြို့ကြီးဖြစ်လေသည်။ သို့သော် ပထမပြန် စာဖြေဌာန မရှိပေ။ မိမိ၏တပည့်များ စာမေးပွဲဖြေဆိုသည့်အခါ ကျိုက်လတ်မြို့
သို့ သွားရောက် ဖြေရပါသည်။ ဆရာတော်သည် ၁၃၀၈-ခုနှစ်၌ ပညာရေးဝန်ကြီးထံ စာဖြေဌာန
တခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ရာ အောင်မြင်စွာ ရရှိခဲ့သည်။
ထိုစာဖြေဌာနမှ ၁၃၂၁-ခုနှစ်၌ ရှင်ကုသလသည် ပထမကျော် အောင်ပန်းကို ဆွတ်ခူးခဲ့ပါသည်။ ဆရာတော်သည် ရန်ကုန်မြို့လုံးဆိုင်ရာ ရှင်သာမဏေ စာပြန်ပွဲကြီး၏ နာယကဆရာတော်အဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ တိပိဋကဓရ ရွေးချယ်ရေး ပိဋကသုံးပုံစာပြန်
ပွဲကြီးတွင် ကမကထ ဆောင်ရွက်ခဲ့သည်။ ဆဋ္ဌသံဂါယနာပွဲကြီးတွင် မူလ၀ိသောဓကမှ တဖန် ပဋိဝိသောဓက အဖွဲ့သို့ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။
၎င်းင်းအပြင် အခြားသော ဆောင်ရွက်ချက်များမှာ-
၁။ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့ကြီး၌ သြ၀ါဒါစရိယ
ဆရာတော်ဖြစ်ခြင်း။
၂။ ဆူးလေစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ကြီး၌လည်း သြ၀ါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
၃။ စေတိယင်္ဂဏပရိယတ္တိ စာမေးပွဲအသင်းကြီး၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
၎။ ရန်ကုန်မြို့ ပဉ္စနိကာယ ဓမ္မသာကစ္ဆာ အသင်းကြီး၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
၅။ ရန်ကုန်မြို့ မင်္ဂလာဗျူဟာအဖွဲ့ချုပ်ကြီး၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
၆။ ဝေနေယျသုခ ရေချမ်းစင်အသင်းကြီး၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
၇။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်ကြီး၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်ခြင်း။
၈။ ရန်ကုန်မြို့၊ ယထာဓမ္မ သာသနာဉပအသင်းကြီး၏ နာယက ဆရာတော်ဖြစ်တော်မူခြင်း။
၉။ ရန်ကုန်မြို့၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်တော်မူခြင်း။
၁၀။ နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်ဖြစ်တော်မူခြင်းတို့ ဖြစ်ပါသည်။
ထိုမျှ များပြားလှသော သာသနာရေး တာဝန်များကြားမှ ကျောက်စာဝန်နှင့် ယဉ်ကျေးမှုဌာန အတွင်းဝန်ဟောင်း ဦးဖိုးလတ်၏ တိုက်တွန်းတောင်ပန်ချက်ဖြင့် သာသနာ ၂၅၀၀
ပြည့် ဆဋ္ဌသံဂါယနာတင် သဘင်ကြီးအမှီ စာပေ ၀ိဒူ ရဟန်းç ရှင်ç လူတို့ အနှစ်သက်ဆုံးဖြစ်သော ဤမည်သော "သုတေသန သရုပ်ပြ အဘိဓာန် ကျမ်းကြီး" တစောင်ကို ပြီးမြောက်အောင် ပြုစုနိုင်ခဲ့သည်။ တစ်ဖန်လည်း သမ္မာမဂ္ဂင်္ဂပဉှာ ကျမ်း, မြန်မာပါဠိ အဘိဓာန်ကျမ်း, မြန်မာမှ မြန်မာသို့စံပြအဘိဓာန်ကျမ်း, ယောဂီလက်စွဲကျမ်းတို့ကိုလည်း ရေးသားခဲ့ပါသည်။

ဘ၀နောက်ဆုံးပိုင်း

ဆရာတော်သည် ဒကာဒကာမများလှူဒါန်းကြ၍ ရရှိလာသော န၀ကမ္မများနှင့် ပစ္စည်းလေးပါးတို့ကို ပြန်လည်လှူဒါန်းခြင်း၊ ရေတွင်းရေကန်များလှူဒါန်းပြုပြင်ခြင်း၊ စာကြည့်တိုက်များနှင့် လိုအပ်သူများသို့ စာအုပ်စာတမ်းများ လှူဒါန်းခြင်း၊ မိမိဇာတိရပ်ရွာဖြစ်သည့် ခနောင်ထော်ရွာ၊ ကျောင်းရွာတို့၌ ဘုရားကျောင်းကန်များ တည်ထားပြုပြင်လှူဒါန်းခြင်း၊ စသည့်ပါရမီအမျိုးမျိုးကို ဖြည့်ဆည်းခဲ့ပါသည်။ ၀ိပဿနာတရားစခန်းကျောင်းတိုက်များ၊ စာသင်တိုက်ကြီးများသို့ အခါအားလျော်စွာ ကြွရောက်၍ လိုအပ်သည်များ စေါင့်ရှောက်ကူညီ
ပေးလေ့ရှိခဲ့ပါသည်။ "မင်္ဂလာဗျူဟာပိဋကတ် ၃-ပုံပဒေသာဆရာဖြစ်သင်တန်း" ကဲ့သို့ သာသနာပြုသင်တန်းအမျိုးမျိုးကိုလည်း ပို့ချသင်ကြားပေးခဲ့ပါသည်။ မိမိကျောင်းတိုက်တွင် "ဖျာပုံတိုက်သစ် ၀ိပဿနာပြန်ပွားရေး" အဖွဲ့၊ ဖွဲ့စည်းစေပြီး ကိုယ်တိုင် ဟောပြော ပြ,သ ကာ ယောဂီများအား တရားဘာဝနာများ လက်တွေ့ကျင့်ကြံ ပွားများစေခဲ့ပါသည်။ မြန်မာ့အသံမှလည်း ၀ိပဿနာတရားနှင့်တရားဒေသနာများဟောပြောပေးခဲ့ဘူးပါသည်။ သက်တော်ကြီးရင့်ချိန်မှာပင် ဖျာပုံမြို့၊ မြိတ်မြို့များသို့ ကြွရောက်၍ ၀တ္တရားမပျက် ကန်တော့ခြင်း၊ လှူဒါန်းခြင်း၊ ဟောပြောခြင်း၊ စသော ပြုဖွယ်ကိစ္စများကို မလစ်ဟင်းစေဘဲ ဆောင်ရွက်ခဲ့ပါသည်။
အမြဲလိုလို ဂုဏ်တော်ပုတီးစိပ်ပြီး ပြုံးပြုံးရွှင်ရွှင်နေလေ့ရှိပါသည်။ ဗေဒင် လက္ခဏာ အကြားအမြင်စသည့် ပညာရပ်များ သိရှိတတ်ကျွမ်းသော်လည်း လူသိမခံဘဲ နေလေ့ရှိပါသည်။ မကျွတ်မလွတ်သူ ဘ၀ကူးမကောင်းသူများကို မိမိ၏ သီလ သမာဓိ ပညာ အစွမ်းများဖြင့်ကူညီလေ့ရှိပါသည်။ ကျောင်းနေသံဃာ တပါး, နှစ်ပါးသာထားပြီး၊ (မဆလ ၀န်ကြီး
များနှင့်တိုက်ရိုက်မဆက်ဆံလို၍) ကျောင်းအတွက်လှူသော တယ်လီဖုံးကို ကျောင်းတွင်မထားခဲ့
ပါ။ ၈၈-အရေးအခင်းကာလတွင် ဒီမိုကရေစီရေးလှုပ်ရှားသူများကို ကူညီခဲ့ဘူးပြီး သတင်းအမှန်
ရရှိစိစစ်နိုင်ရေးအတွက် ဘီဘီစီ စသော ပြည်ပအသံလွှင့်ချက်များကို နားထောင်တော်မူလေ့ရှိပါသည်။
၁၃၅၂-ခုနှစ် လေဖြတ်ဝေဒနာ ခံစားရပြီးနောက်ပိုင်းတွင်၊ စကားပြောမိန့်ခြင်း
မရှိတော့သော်လည်း ၀ိနည်းတော်နှင့်အညီနေထိုင်နိုင်လျက် ဂုဏ်တော်ပုတီးကိုသာစိပ်နေခဲ့ပါသည်။ ၁၃၆၁-ခုနှစ် နတ်တော် လဆန်း ၁၀-ရက် သောကြာနေ့၊ သက်တော် ၉၃-နှစ်အရွယ်တွင် ပျံလွန်တော်မူခဲ့ပါသတည်း။ ။
+++++++++

အပြည့်အစုံဖတ်ရန်...

Sunday, October 5, 2008

နိဒါန်း

ကျေးဇူးတော်ရှင် ဖျာပုံတိုက်သစ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတအရှင်သြဘာသာဘိဝံသ မထေရ်မြတ်၏ သုတေသနသရုပ်ပြအဘိဓာန်ကို ၂၀၀၂-ခုနှစ်တွင်တတိယအကြိမ်အဖြစ် သာသနာရေးဦးစီးဌာနမှ ပုံနှိပ်ထုတ်ဝေခဲ့သည်။
သို့ရာတွင် ထည့်သွင်းသင့်သောပြင်ဆင်ဖြည့်စွက်ချက်များမပါဘဲ ၁၉၇၅-ခုနှစ် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည့်အတိုင်းသာပြန်လည်စာစီပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
အဘိဓာန်ဟောင်းတို့ကို နည်းအမျိုးမျိုးဖြင့်ထပ်မံထုတ်ဝေကြရာတွင် ခေတ်နှင့်အညီ ပြင်ဆင်ချက်များ၊ ဖြည့်စွက်ချက်များ၊ မလွဲမသွေပါဝင်သင့်သည်ဖြစ်ရာ
ယခု e-book အဖြစ် Blog အဖြစ် ဓမ္မဒါနပြုအပ်သော ဤသုတေသနသရုပ်ပြအဘိဓာန်(၂၀၀၇)သည် ခေတ်မှီအောင် updateလုပ်ထားသော အဘိဓာန်ဖြစ်ပါသည်။ ယခုတဖန် အသုံးပြုဖတ်ရှုသူများ၏ နေ့စဉ် လစဉ် ဝေဖန်အကြံပေး ညွှန်ပြ ရေးသား ကူညီချက်များကို မူတည်ကာ သုတေသနသရုပ်ပြအဘိဓာန်(၂၀၀၈)၊ (၂၀၀၉) စသည်ဖြင့် နှစ်စဉ် ခေတ်မှီအောင် ၀ိုင်းဝန်းစုပေါင်း update ပြုလုပ်ကြမည်ဖြစ်ပါကြောင်း ရိုသေလေးစားစွာ အသိပေးအပ်ပါသည်။

အပြည့်အစုံဖတ်ရန်...