ကျေးဇူးတော်ရှင် ဖျာပုံတိုက်သစ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတအရှင်သြဘာသာဘိဝံသ မထေရ်မြတ်၏ သုတေသနသရုပ်ပြအဘိဓာန်ကို ၂၀၀၂-ခုနှစ်တွင်တတိယအကြိမ်အဖြစ် သာသနာရေးဦးစီးဌာနမှ ပုံနှိပ်ထုတ်ဝေခဲ့သည်။
သို့ရာတွင် ထည့်သွင်းသင့်သောပြင်ဆင်ဖြည့်စွက်ချက်များမပါဘဲ ၁၉၇၅-ခုနှစ် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည့်အတိုင်းသာပြန်လည်စာစီပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
အဘိဓာန်ဟောင်းတို့ကို နည်းအမျိုးမျိုးဖြင့်ထပ်မံထုတ်ဝေကြရာတွင် ခေတ်နှင့်အညီ ပြင်ဆင်ချက်များ၊ ဖြည့်စွက်ချက်များ၊ မလွဲမသွေပါဝင်သင့်သည်ဖြစ်ရာ
ယခု e-book အဖြစ် Blog အဖြစ် ဓမ္မဒါနပြုအပ်သော ဤသုတေသနသရုပ်ပြအဘိဓာန်(၂၀၀၇)သည် ခေတ်မှီအောင် updateလုပ်ထားသော အဘိဓာန်ဖြစ်ပါသည်။ ယခုတဖန် အသုံးပြုဖတ်ရှုသူများ၏ နေ့စဉ် လစဉ် ဝေဖန်အကြံပေး ညွှန်ပြ ရေးသား ကူညီချက်များကို မူတည်ကာ သုတေသနသရုပ်ပြအဘိဓာန်(၂၀၀၈)၊ (၂၀၀၉) စသည်ဖြင့် နှစ်စဉ် ခေတ်မှီအောင် ၀ိုင်းဝန်းစုပေါင်း update ပြုလုပ်ကြမည်ဖြစ်ပါကြောင်း ရိုသေလေးစားစွာ အသိပေးအပ်ပါသည်။
Showing posts with label preface. Show all posts
Showing posts with label preface. Show all posts
Sunday, October 5, 2008
နိဒါန်း
Labels:
preface
Subscribe to:
Posts (Atom)